logo

Telemedicine Solutions တွေကို အဓိကအသုံးပြုရတဲ့အချက်တွေနဲ့ Telemedicine Solutions တစ်ခုဖြစ်တဲ့ Health Tap ရဲ့အားသာချက်တွေ

Knowledge

3 min

ယခုအခါ ကမ္ဘာတဝှမ်း Covid-19 ရောဂါကူးစက်မှုမြင့်မားခြင်းတွေကြောင့် ဆရာဝန်နဲ့လူနာ တိုက်ရိုက်ထိတွေ့စရာမလိုဘဲ ဆွေးနွေးတိုင်ပင်နိုင်တဲ့ Telemedicine Solutions တွေကို အသုံးပြုမှုနှုန်းတွေလည်း မြင့်တက်လာပါတယ်။

 

Telemedicine Solutions တွေကို အဓိကအသုံးပြုရတဲ့အချက်တွေကတော့

− ဆရာဝန်နဲ့ တိုက်ရိုက်ထိတွေ့ဖို့မလိုဘဲ ဆွေးနွေးတိုင်ပင်နိုင်ဖို့ ၊

− လူနာတွေက ကိုယ့်မှာဖြစ်ပေါ်နေတဲ့ ရောဂါလက္ခဏာအကြောင်းတွေနဲ့ ပတ်သတ်ပြီး လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း မေးမြန်းနိုင်ဖို့နဲ့

− အရေးပေါ် လိုအပ်တဲ့အခြေအနေတွေအတွက် 24/7 Service ရရှိနိုင်ဖို့တွေပဲ ဖြစ်ပါတယ်။

 

HealthTap ဟာ US အခြေစိုက် Telemedicine Solutions တစ်ခုဖြစ်ပြီး Specialities 140 ကျော်၊ ဆရာဝန်ပေါင်း 90,000 ကျော်နဲ့ 24/7 Service ပေးနေတဲ့ Health-care Solution တစ်ခုဖြစ်ပါတယ်။

 

Health Tap ရဲ့ အဓိကအားသာချက်တွေထဲက တစ်ခုက Symptom Assessment ပြုလုပ်ပုံ ဖြစ်ပါတယ်။

 

Symptom Assessment အပိုင်းမှာဆိုရင်

- 3D Body Structure မှာ ခန္ဓာကိုယ် အစိတ်အပိုင်းကို click နှိပ်ရုံနဲ့ ရောဂါဖြစ်တဲ့နေရာကို အလွယ်တကူ သတ်မှတ်နိုင်ခြင်း

- ရွေးချယ်လိုက်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းမှာမှ ဖြစ်နိုင်ချေရှိတဲ့ ရောဂါလက္ခဏာတွေကို List နဲ့ ပြထားပေးတဲ့အတွက် ကိုယ်ဖြစ်တဲ့လက္ခဏာကို တိတိကျကျ ရွေးချယ်နိုင်ခြင်း

- ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး လုပ်ဆောင်နိုင်မယ့် tips တွေကို အလိုအလျောက် Suggestion ပေးခြင်း

စတာတွေပဲ ဖြစ်ပါတယ်။

 

ဒီလို မိမိရဲ့ရောဂါလက္ခဏာကို အလွယ်တကူရွေးချယ်နိုင်ခြင်းဟာ လူကြီးတွေ၊ Medical Term အသုံးအနှုန်းတွေ သိပ်မသိတဲ့လူတွေအတွက် Solution ကို ပိုပြီး လွယ်လွယ်ကူကူ အသုံးပြုနိုင်စေပါတယ်။ ဒါ့အပြင် Telemedicine ဘက်ကလည်း တိကျတဲ့ Tips တွေ အကြံပေးနိုင်သလို လူနာအနေနဲ့လည်း ဆက်လက်လုပ်ဆောင်ရမယ့် အချက်တွေကို လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

 

ဒါကတော့ Telemedicine Solutions တွေထဲမှာမှ User တွေအတွက် တော်တော်အကျိုးရှိစေမဲ့ Symptom Assessment အပိုင်း ပါဝင်တဲ့ HealthTap အကြောင်း ကို ဝေမျှပေးသွားတာ ဖြစ်ပါတယ်။ အခုလို သွားရေးလာရေး ဂရုစိုက်သင့်တဲ့ Covid ကာလမှာ မိမိအိမ်ကနေ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရင်း ကျန်းမာရေးဂရုစိုက်ကြဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Knowledge

7 min

အခုချိန်ကာလမှာ နေရာစုံ၊ အခြေအနေမျိုးစုံက ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို ဖြေရှင်းရင်း ကိုယ်ရော စိတ်ပါပင်ပန်းလာတဲ့အခါ ကိုယ့...

Knowledge

10 min

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ပတ်သက်ပြီး သိထားသင...

Knowledge

8 min

လုပ်ငန်းတစ်ခုကို Digitally Transform လုပ်နိုင်ဖို့သိသင့်တဲ့ အဆင့် (၆) ဆင့်ကိုဖော်ပြပေ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address