logo

Diet, Workout နဲ့ Calorie & Fasting စတာတွကို Guide လုပ်ပေးနိုင်တဲ့ Application

Knowledge

3 min

အနာရောဂါတွေ ထူပြောလာတဲ့ ဒီဘက်ခေတ်ကြီးထဲမှာ ကျန်းမာရေးဟာ ဘယ်လောက်အရေးကြီးလဲ ဆိုတာ 

လူအများသိမြင်လာကြပါတယ်။ 

 

ဒါ့အပြင် မကျန်းမာမှ ငွေကုန်ကြေးကျခံ ဆေးကုခြင်းထက် မဖြစ်ခင်က ကြိုတင်ကာကွယ်ဆိုသလို ကိုယ့်ရဲ့နေ့စဉ်ဘဝ နေထိုင်စားသောက်မှုပုံစံတွေကို သတိထားပြီး Healthy Life ပုံစံဘက်ကိုလည်း ကူးပြောင်းလာကြပါတယ်။ 

 

မှန်ကန်တဲ့စားသောက်နေထိုင်မှု့တွေအတွက် နေ့စဉ် ကိုယ်စားသင့်တဲ့အစားအစာတွေ၊ပြုလုပ်သင့်တဲ့လေ့ကျင့်ခန်းတွေ၊ ရှောင်ရှားသင့်တဲ့ စားသောက်နေထိုင်မှုပုံစံတွေ ဒါတွေကို Coach တစ်ယောက်ကနေ နေ့စဉ် Guide လုပ်ပေးနေသလိုမျိုး Guide လုပ်ပေးတဲ့ Lifestyle Mobile Application တွေလည်း အများအပြားရှိကြပါတယ်။ 

 

BetterMe ကတော့ Diet, Workout နဲ့ Calorie & Fasting စတာတွကို Guide လုပ်ပေးတဲ့ application တစ်ခုပဲ ဖြစ်ပါတယ်။ 

 

လူတစ်ယောက်နဲ့တစ်ယောက် အသက်အရွယ် ခန္ဓာကိုယ်အလေးချိန် စားသောက်နေထိုင်မှုပုံစံ မတူညီတာကြောင့် 

Coach လုပ်ပေးသင့်တဲ့ Routine တွေကလည်း ကွဲပြားနေမှာ အမှန်ပါပဲ ။ အရေးကြီးတာက ကိုယ်နဲ့ကိုက်ညီတဲ့ Routine ရရှိဖို့ပါပဲ။ Health & Fitness Application တစ်ခုဖြစ်တဲ့ BetterMe မှာ လူတစ်ယောက်ချင်းစီအတွက် Customize Routine ကို Support ပေးတဲ့ အလုပ်လုပ်ပုံတွေ ပါဝင်ပါတယ်။

 

BetterMe မှာဆိုရင် Workout Routine အတွက် ကိုယ့်ရဲ့ Age, Height, Weight တွေ၊ ကိုယ့်ရဲ့ Target Goal, Target Weight တွေ၊ ကိုယ့်ရဲ့ Body Type အမျိုးအစား၊ လတ်တလော ခန္ဓာကိုယ်မှာ နာကျင်မှုတွေရှိမရှိ စတာတွေကို သတ်မှတ်ပေးရပါတယ်။ 

 

ဒါ့အပြင် ကိုယ်က တနေ့တာမှာ များသောအားဖြင့် အထိုင်များတဲ့ ရုံးအလုပ်သမားလား၊ ပုံမှန်သွားလာလှုပ်ရှားမှုရှိသလား၊ ဒါမှမဟုတ် အပြင်းအထန် လှုပ်ရှားရလား စတာတွေလည်း မေးမြန်းပါတယ်။ 

 

ဒီအချက်တွေပေါ်မှာမူတည်ပြီးတော့ ကိုယ်နဲ့ ကိုက်ညီတဲ့ Workout Routine ကို BetterMe က Guide လုပ်ပေးပါတယ်။

 

Meal Plan အတွက်ဆိုရင် လက်ရှိ ကိုယ့်ရဲ့တစ်နေ့တာ စားသောက်နေထိုင်မှုပုံစံတွေ၊ ရေသောက်တဲ့ပမာဏ၊ 

Healthy မဖြစ်တဲ့ Bad Habit အနေနဲ့ ဘာတွေစားတတ်သလဲ ဆိုတာတွေ သတ်မှတ်ပေးရပါတယ်။ 

 

BetterMe မှာ ရွေးချယ်နိုင်တဲ့ Meal Plan အမျိုးအစားများစွာရှိပြီး ကိုယ်နဲ့ကိုက်ညီတဲ့ Meal Plan ကို Guide လုပ်ပေးတာမို့လို့ Healthy Lifestyle နေထိုင်လိုသူတွေအတွက် အတော်လေးအသုံးဝင်မယ့် Application တစ်ခုပဲ ဖြစ်ပါတယ်။

Knowledge

7 min

အခုချိန်ကာလမှာ နေရာစုံ၊ အခြေအနေမျိုးစုံက ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို ဖြေရှင်းရင်း ကိုယ်ရော စိတ်ပါပင်ပန်းလာတဲ့အခါ ကိုယ့...

Knowledge

10 min

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ပတ်သက်ပြီး သိထားသင...

Knowledge

8 min

လုပ်ငန်းတစ်ခုကို Digitally Transform လုပ်နိုင်ဖို့သိသင့်တဲ့ အဆင့် (၆) ဆင့်ကိုဖော်ပြပေ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address