logo

Idea for Fitness Workout

Knowledge

4 min

ခုနောက်ပိုင်း Workout လုပ်ဖို့အတွက် Gym သွားမှရမယ်မျိုးမရှိတော့ဘူး။ အိမ်ပြင်ထွက်ဖို့ဆိုတာကလည်း သိပ်ပြီးအဆင်မပြေတော့အိမ်ကနေပဲ Personal Trainer နဲ့သေချာလိုက်လုပ်တာမျိုး၊ ဒါမှမဟုတ် You Tube က Video တွေကြည့်ပြီးကိုယ့်ဘာ့သာ လိုက်လုပ်တာမျိုးတွေရှိလာပြီ။ တစ်ခုရှိတာက You Tube က Video တွေကြည့်ပြီးလိုက်လုပ်တာကကြတော့ ကိုယ့် Body Type အတွက်သီးသန့်မဟုတ်ဘဲ ယေဘူယျဆန်တယ်။ ပြီးတော့နည်းစနစ်မမှန်တာတွေ၊ ပုံမှန်လိုက်မလုပ်ဖြစ်တာတွေနဲ့ဆိုရင် ကိုယ့်အတွက်လုပ်ရတာအချိန်ကုန်ပြီး အကျိုးရှိမှာမဟုတ်ဘူး။

 

Personal Trainer နဲ့ဆိုရင်ကြတော့ ကိုယ့်ခန္ဓာကိုယ်ကဘယ်နားမှာပြည့်ဖို့လိုပြီး ဘယ်နားတွေတော့ပိုကစားရမယ်ဆိုတာမျိုးတွေ တိတိကျကျသိရမယ်။ အဲ့အတွက် ကိုယ်လိုချင်တဲ့ Transformation ဖြစ်ဖို့ကပိုလွယ်ပြီးတော့ ပိုသိသာမယ်။ ဒါတွေအတွက် ကိုယ်နဲ့ Trainer ကြားမှာ အမြဲ Active ဖြစ်နေဖို့အတွက် Care လုပ်ပေးတဲ့ App မျိုးလေးတွေရှိတယ်။

 

အဲ့လို App လေးတွေမှာဆို ပြောင်းလဲလာတဲ့ ကိုယ့်ရဲ့ Weight တွေ၊ Height တွေမှတ်ထားလို့ရမယ်။ ကိုယ်က အပေါ်ပိုင်းအတွက်ကစားနေတာဆိုရင်လည်းဒါအတွက် Trainer ကသတ်မှတ်ပေးထားတဲ့လေ့ကျင့်ခန်းတွေကို Video Demonstration တွေ Audio Guidance တွေနဲ့အတူ အချိန်မှန်လုပ်သွားမယ်။ ကိုယ်ကအဆင့်တစ်ခုစီအလိုက်ပြီးသွားမှ နောက်တစ်ဆင့်ကို သွားလို့ရတာတွေ၊ ကိုယ်လုပ်ပြီးသွားတဲ့လေ့ကျင့်ခန်းတွေကိုသိရတာတွေပါမယ်။ ကိုယ်လိုအပ်တာတွေကို App ကနေတဆင့် Trainer နဲ့ပြောဆိုဆွေးနွေးတာတွေလုပ်လို့ရမယ်။

 

Gym Trainer တွေအနေနဲ့လည်း ကိုယ်ကဒီ Field မှာကျွမ်းကျင်တဲ့သူဆိုရင် ပုံမှန်အတိုင်း အခန်းတွေငှားပြီး Gym ဖွင့်ဖို့အတွက် အများကြီးလိုက်စီစဉ်ရတာထက် ဒီလိုမျိုး App လေးတွေလုပ်လိုက်ခြင်းအားဖြင့် Online ကနေ သင်တန်းသားတွေရှာလို့ရမယ်။ ဒါဆိုရင် ဘယ်နေရာကသူပဲဖြစ်ဖြစ် ကိုယ့်သင်တန်းကိုတက်နိုင်ဖို့ Chance ကပိုများသွားမယ်။ App ထဲမှာဆိုရင် Free User တွေအတွက် Basic Workout လေးတွေကိုကြည့်လို့၊ လိုက်လုပ်လို့ရမယ်။ ဒီ့ထက်ပိုပြီး Advanced ဖြစ်တာတွေ၊ ပို Personalized ဖြစ်တာတွေ၊ တိုင်ပင်ဆွေးနွေးတာတွေ လုပ်ချင်တဲ့ User တွေအတွက် Paid Plan လေးတွေစီစဉ်ထားပေးတာမျိုးလေးတွေရှိမယ်။ Paid User တွေအတွက် သက်ဆိုင်ရာ Exercises တွေကိုသတ်မှတ်ပေးလို့ရမယ်။ Fitness ပိုင်းနဲ့ပါတ်သတ်တဲ့ knowledgeable Article လေးတွေကို Share ပေးလို့ရတာမျိုးလေးတွေပါမယ်။

Knowledge

7 min

အခုချိန်ကာလမှာ နေရာစုံ၊ အခြေအနေမျိုးစုံက ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို ဖြေရှင်းရင်း ကိုယ်ရော စိတ်ပါပင်ပန်းလာတဲ့အခါ ကိုယ့...

Knowledge

10 min

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ပတ်သက်ပြီး သိထားသင...

Knowledge

8 min

လုပ်ငန်းတစ်ခုကို Digitally Transform လုပ်နိုင်ဖို့သိသင့်တဲ့ အဆင့် (၆) ဆင့်ကိုဖော်ပြပေ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address