logo

မူကြိုကျောင်းတွေ နေ့စဥ်လည်ပတ်ရာမှာ တွင်ကျယ်စွာအသုံးပြုလာတဲ့ Pre-School Management System

Knowledge

5 min

2000ပြည့်နှစ် နောက်ပိုင်းကနေစပြီး လုပ်ငန်းတွေလည်ပတ်တဲ့အခါမှာ Information Systemတွေကို တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ ဒီလိုအသုံးပြုလာတဲ့ Information Systemတွေထဲမှာမှ ကျောင်းတစ်ကျောင်းရဲ့ စီမံခန့်ခွဲမှု အပိုင်းမှာ အထောက်အကူဖြစ်စေမယ့် Pre-School Management System တွေကို မူကြိုကျောင်းတွေမှာ အသုံးပြုလာကြပြီဖြစ်ပါတယ်။


Pre-School Management System မှာဆိုရင် 

  1. Online ကနေ Form ဖြည့်ပြီးကျောင်းအပ်လို့ရနိုင်တာ
  2. မိဘတွေရဲ့ ဖုန်းထဲမှာ App တစ်ခုသွင်းထားရုံနဲ့ရုံနဲ့ ကိုယ့်ကလေးကို ထည့်ပေးလိုက်တဲ့ Ferry ကား ဘယ်နားရောက်နေပြီလဲဆိုတာကို အလွယ်တကူကြည့်လို့ရနိုင်တာ
  3. မိဘတွေအနေနဲ့ ကလေးရဲ့နေ့စဥ် Activities တွေ၊ Achievementတွေ၊ Menu တွေနဲ့ Health Screen ကို App ကနေ အချိန်မရွေးကြည့်လို့ရနိုင်တာ
  4. RFID နည်းပညာကို အသုံးပြုပြီး Roll Call ကောက်ယူနိုင်တာ
  5. ဆရာ၊ဆရာမတွေအနေနဲ့ ကလေးတွေရဲ့ Weekly Achievements တွေ၊ Activitiesတွေနဲ့ Records တွေကို မိဘတွေ ဆီပို့ပေးနိုင်တာ
  6. ကျောင်းမှာရှိတဲ့ဝန်ထမ်းတွေရဲ့ Payroll တွက်ပြီး လစာပေးနိုင်တာ
  7. ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ကိုယ်ရေးအချက်အလက်တွေကို စနစ်တကျနဲ့ တစ်နေရာတည်းမှာ သိမ်းဆည်းနိုင်တာ၊ အချိန်မရွေးကြည့်လို့ ရနိုင်တာ စတာတွေအားလုံးကို လုပ်ဆောင်ပေးနိုင်ပါတယ်။ 

Pre-School Management System ရဲ့ ဒီလိုလုပ်ဆောင်ချက်တွေကြောင့်ပဲ ပုံမှန် လူလေးငါးယောက်နဲ့ လုပ်ရမယ့်အလုပ်တွေကို လူတစ်ယောက် နဲ့ Computer တစ်လုံးရှိနေရုံနဲ့ လုပ်ဆောင်လာနိုင်ပါတယ်။ Computerized System ဖြစ်တဲ့ အတွက် ပုံမှန်ပေးရတဲ့ အချိန်ထက် အချိန်ကုန် လူပင်ပန်းသက်သာပြီး တိကျမှန်ကန်စွာ လုပ်ဆောင်လာနိုင်မှာပဲ ဖြစ်ပါတယ်။


ဒါဆိုရင်တော့ မူကြိုကျောင်းတွေမှာ လက်ရှိအသုံးများနေတဲ့ Pre-School Management System (၂) ခုဖြစ်တဲ့ GoSchooler နဲ့ Bright Wheels အကြောင်းကို ပြောပြပေးသွားပါမယ်။


1.GoSchooler

မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ကျောင်းအပ်ဖို့အတွက် ပုံမှန်ကျောင်းတစ်ကျောင်းမှာလို ကျောင်းကိုသွားပြီး ကျောင်းအပ်ရမယ့် Form တွေကို တန်းစီစောင့်စရာ မလိုတော့ပါဘူး။ GoSchooler မှာ Online ကနေပဲ  ကိုယ်အဆင်ပြေတဲ့ချိန်မှာ Form ဖြည့်ပြီး အပ်လိုက်ရုံပါပဲ။ဆရာတွေအနေနဲ့လည်း အရင်လို စာရွက်အများကြီးကို လိုက်ကြည့်နေစရာမလိုတော့ဘဲ အချိန်ကုန် လူပင်ပန်း သက်သာစွာနဲ့ ကျောင်းအပ် လက်ခံလာနိုင်ပါတယ်။ ဒါ့အပြင် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ ကျောင်းအပ်တဲ့အချိန် ၊ ကျောင်းသားတွေရဲ့အချက်အလက်တွေကို စာရွက်နဲ့ မှတ်ထားစရာမလိုဘဲ ဒီ Platform ပေါ်မှာပဲ တစ်စုတစ်စည်းတည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။


ကျောင်းလခကောက်ခံရာမှာလည်း လကုန်ခါနီးတိုင်းမှာ မိဘတွေဆီကို Warning Message တွေ ပေးပို့ပေးပါတယ်။ အဲ့လိုပေးပို့တဲ့အတွက် မိဘတွေအနေနဲ့ သတိတရ အချိန်မှန်ပေးနိုင်သလို ကျောင်းအတွက်ဆိုရင်လည်း မိဘလာမှတောင်းရတာမျိုးတွေကို ပြုလုပ်စရာမလိုတော့မှာပဲ 

ဖြစ်ပါတယ်။ ကျောင်းလခကိုလည်း Online ကနေပေးချေလို့ရတဲ့အတွက် အလုပ်မအားလို့ ကျောင်းမလာနိုင်တဲ့မိဘတွေ၊ ကျောင်းသားနဲ့ပေးလိုက်ရမှာ စိတ်မချတဲ့ မိဘတွေအတွက် ပိုမိုအဆင်ပြေစေပါတယ်။ 


ဒါ့အပြင် RFID (Radio Frequency Identification) နည်းစနစ်ကို အသုံးပြုပြီး Roll Call ကောက်ယူတာကြောင့် ဆရာတွေအနေနဲ့ စာအုပ်ထဲမှာ ရေးမှတ်နေရတာတွေ၊ တစ်ယောက်ချင်း နာမည်ခေါ်နေရတာတွေ လုပ်စရာမလိုအပ်တော့တဲ့အတွက် အချိန်ကုန်လူပင်ပန်း သက်သာစေပါတယ်။ သင်ကြားရေးပိုင်းမှာဆိုရင်လည်း အွန်လိုင်းစာကြည့်တိုက်ထားရှိပေးတာ အပြင် Live classes တွေပါ စီစဉ်ပေးထားပါတယ်။ အခုလို  စာကြည့်တိုက်တွေ ၊ Live Session တွေရှိတာကြောင့် ကျောင်းမလာနိုင်တဲ့ သူတွေအတွက် ကျောင်းသင်ခန်းစာများကို လွတ်သွားတာမျိုး၊  မသိလိုက်တာမျိုးတွေ မရှိတော့ဘဲ အချိန်နဲ့တစ်ပြေးညီ သင်ယူနိုင်နေမှာပဲ ဖြစ်ပါတယ်။ 


အဓိကအချက်ကတော့ မိဘတွေဆီ Message ပို့ပြီး ကျောင်းသားတွေကျောင်းကို ရောက်မရောက် အကြောင်းကြားပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာကြောင့်  မိဘတွေအနေနဲ့ ကိုယ့်သားသမီးကျောင်းကို ရောက်မရောက်၊ လမ်းမှာဘေးအန္တရာယ်ကင်းရဲ့လား စိတ်ပူနေရတာမျိုးတွေကို ဖြေလျော့ပေးနိုင်ပါတယ်။ ကျောင်းမှာ အရေးကြီးတဲ့ပွဲတွေရှိရင်လည်း မိဘတွေဆီကို အချိန်နဲ့တပြေးညီ သတင်းပို့တာတွေကို လုပ်ဆောင်ပေးပါတယ်။ ဆရာဆရာမတွေအနေနဲ့လည်း မိဘတစ်ယောက်ချင်းစီကို ဖုန်းလိုက်ဆက်ပြီးပြောဖို့မလိုတော့သလို မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးက မပြောပြခဲ့ရင်တောင် အလွယ်တကူသိရှိနိုင်ပါတယ်။ ဒါ့အပြင် ကျောင်းရဲ့ နေ့စဉ် Activities တွေကို Post တင်ပေးနိုင်ပါတယ်။ အဲ့လိုလုပ်ပေးတာကြောင့် ကျောင်းကို ကိုယ်တိုင်သွားရောက်ဖို့ အလုပ်များကြပြီး ကလေးရဲ့နေ့စဥ် Activities တွေကိုလည်း သိချင်မြင်ချင်ကြတဲ့ မိဘတွေဆိုရင် ဒီနည်းစနစ်လေးက အထောက်အကူ ရစေမှာအမှန်ပါပဲ။ 


2.Brightwheel 


US အခြေစိုက် Brightwheel မှာဆိုရင်တော့ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားတွေရဲ့ စာသင်နေတဲ့ပုံတွေ ၊ ကစားနေတဲ့ပုံတွေ နဲ့ နေ့လည်စာ စားသောက်နေပုံတွေကို ဓာတ်ပုံ၊ Videos တွေရိုက်ထားပြီး မိဘတွေဆီ ပို့ပေးလို့ရပါတယ်။ ဒီလိုပို့ပေးတဲ့အတွက် မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေရဲ့ တစ်နေ့တာကို ဖုန်းဖွင့်ကြည့်ရုံနဲ့ ကျောင်းထိသွားစရာမလိုဘဲ လွယ်ကူလျင်မြန်စွာနဲ့ သိရှိနိုင်ပါတယ်။ 


ကျောင်းလခသွင်းရာမှာလည်း ကိုယ့်ကလေးရဲ့ ကျောင်းတက်ချိန်ပေါ် မူတည်ပြီး Onlineကနေ ပေးသွင်းနိုင်ပါတယ်။ ကျောင်းတက်ချိန်အလိုက် ကျောင်းလခပေးနိုင်တာကြောင့် ကျောင်းမသွားဖြစ်တဲ့ရက်တွေအတွက် ကျောင်းလပေးစရာမလိုတော့ဘဲ ချွေတာလို့ရမှာပဲ ဖြစ်ပါတယ်။


ဆရာမတွေအနေနဲ့ ကလေးတွေကို Roll Call ကောက်ယူရာမှာ အရင်လို တစ်ယောက်ချင်းစီရဲ့ နာမည်တွေ ခေါ်ဖို့မလိုတော့ဘဲ ဖုန်းထဲက App ကိုဖွင့်ပြီး Check In ဆိုတဲ့ Button ကို နှိပ်လိုက်ရုံပါပဲ။ နှိပ်ပြီးသွားရင် ကိုယ့်ရဲ့လက်မှတ်ကို Screen ပေါ်မှာ Sign လုပ်လိုက်ရုံနဲ့ လွယ်လွယ်ကူကူ Roll Call ကောက်ယူနိုင်ပါတယ်။ ဒါကြောင့် ဆရာဆရာမတွေအနေနဲ့  Roll call ကောက်ဖို့ စာရွက်စာတမ်းတွေ အများကြီးပြင်ဆင်နေရတာ၊ ပြင်ဆင်ပြီးသားစာရွက်စာတမ်းတွေကို အတန်းထဲကို တကူးတကသယ်နေရတာတွေ လုပ်စရာမလိုအပ်တော့ပါဘူး။ 


Bright Wheel ရဲ့ လွယ်ကူ မြန်ဆန်တဲ့ ဒီနည်းစနစ်ကတော့ ကျောင်းသားတွေအတွက်တင်မဟုတ်ဘဲ ကျောင်းမှာရှိတဲ့ Staff တွေရဲ့  Attendance ကောက်ယူမှုအတွက်ပါ အသုံးပြုနိုင်ပါတယ်။ Staff တစ်ယောက်ချင်းစီရဲ့ Attendance ကိုအတိအကျ သိနိုင်တာကြောင့် Payroll တွက်ဖို့အတွက် Attendance File တွေ ၊ ဘယ်သူက ဘယ်နေ့က Leave ထားလဲဆိုတာတွေကို စာရွက်တွေ လှန်လော ရှာစရာ မလိုအပ်တော့ပါဘူး။ 


ဒါ့အပြင် ကျောင်းသားတွေရဲ့ ကျန်းမာရေးမှတ်တမ်းကို နေ့စဥ်အပူချိန်တိုင်းတာပြီး သိမ်းဆည်းထားနိုင်ပါတယ်။ သိမ်းဆည်းထားတဲ့ ကျန်းမာရေးမှတ်တမ်းတွေကိုလည်း မိဘတွေဆီ နေ့စဥ်သတင်းပို့ပေးတာကြောင့် ကိုယ့်သားသမီးရဲ့ နေ့စဥ်ကျန်းမာရေးကို ကျောင်းကပို့ပေးတဲ့ အချက်အလက်တွေကတစ်ဆင့် သိရှိနိုင်ပါတယ်။  


နောက်ထပ်ပိုကောင်းတာတစ်ခုကတော့ ကျောင်းသားတွေရဲ့ တစ်နေ့တာ အစားအသောက် Menu ကို မိဘတွေဆီကို အချိန်နဲ့တပြေးညီ ပို့ပေးခြင်းပဲဖြစ်ပါတယ်။ အဲ့လိုပို့ပေးတဲ့အတွက် မိဘတွေအနေနဲ့ ကိုယ့်သားသမီးတစ်နေ့တာမှာ စားလာတဲ့အစားအသောက်တွေကို သိရှိနိုင်ပြီး Menu ထဲမှာ မတည့်တဲ့ အစားအစာပါလာခဲ့ရင်လည်း ဆရာ၊ ဆရာမတွေကို ချက်ချင်းပြောလို့ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်လို့ရခြင်းအားဖြင့် ကလေးတွေ ကျောင်းမှာ မတည့်တဲ့အစားအစာတွေ စားလာခဲ့လို့ နေမကောင်းဖြစ်ရတာတွေကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။ 


ကျောင်းရဲ့ရုံးပိုင်းဆိုင်ရာမှာဆိုရင် ကျောင်းသားတွေရဲ့ ကျောင်းအပ်နှံမှု file တွေ၊ ကျောင်းဝန်ထမ်းတွေရဲ့ လစာနဲ့ပတ်သက်တဲ့ file တွေ၊ Payroll တွက်ဖို့အတွက် Attendanceတွေ Leave တွေအတွက် System က တွက်ချက်ထားတဲ့ Fileတွေကို Online Recordsနဲ့ သိမ်းထားပေးပါတယ်။ အဲ့လိုသိမ်းထားပေးတဲ့တာကြောင့် အပြင်မှာ စာရွက်စာတမ်းထားစရာ နေရာသပ်သပ်မလိုတော့ဘဲ အရေးကြီးတာတစ်ခုခုကို သိချင်တဲ့အခါ ၊ လိုအပ်လာတဲ့အခါ အချိန်မရွေးနေရာမရွေး အလွယ်တကူ စက္ကန့်ပိုင်းအတွင်း ရှာဖွေလို့ရနိုင်ပါတယ်။ ဒါ့အပြင် စာရွက်စာတမ်းတွေပျောက်တာတွေ ရေစိုစုတ်ပြဲသွားတာတွေနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားမှာတွေကိုလည်း ပူစရာမလိုတော့ပါဘူး။ စာရင်းဇယားတွေအတွက် ကုန်ကျရတဲ့ စာရွက်စာတမ်းဖိုးကိုလည်း တစ်ဖက်တစ်လမ်းကနေ လျော့ချပြီးသား ဖြစ်သွားပါတယ်။ 


ကျောင်းရဲ့ဝန်ထမ်းအချင်းချင်းလည်း Brightwheel ရဲ့ Staff Messaging ကိုအသုံးပြုပြီးအပြန်အလှန် စကားပြောနိုင်ပါတယ်။ အဲ့လိုပြောဆိုခြင်းအားဖြင့် Staff တွေ တစ်ဦးနဲ့တစ်ဦးကြားမှာ Communication ပိုမိုကောင်းမွန်လာပြီး ပိုကောင်းတဲ့ Community တစ်ခုကိုတည်ဆောက်နိုင်စေမှာပဲ ဖြစ်ပါတယ်။ 


ဒါကိုကြည့်ခြင်းအားဖြင့် Pre-School Management System တွေဟာ မူကြိုကျောင်းတွေရဲ့ Daily Lifeမှာ အထောက်အကူအများကြီးပေးနိုင်တယ်ဆိုတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့်မလို့ မူကြိုကျောင်းတွေအနေနဲ့ ကိုယ့်ကျောင်းရဲ့ Management ပိုင်းကို ပိုမိုကောင်းမွန်စေပြီး ၊ Smartဖြစ်တဲ့ ကျောင်းတစ်ကျောင်း ဖြစ်စေဖို့အတွက် Pre-School Management System ကို အသုံးပြုဖို့ အကြံပြုလိုက်ပါတယ်။

Knowledge

7 min

အခုချိန်ကာလမှာ နေရာစုံ၊ အခြေအနေမျိုးစုံက ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို ဖြေရှင်းရင်း ကိုယ်ရော စိတ်ပါပင်ပန်းလာတဲ့အခါ ကိုယ့...

Knowledge

10 min

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ပတ်သက်ပြီး သိထားသင...

Knowledge

8 min

လုပ်ငန်းတစ်ခုကို Digitally Transform လုပ်နိုင်ဖို့သိသင့်တဲ့ အဆင့် (၆) ဆင့်ကိုဖော်ပြပေ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address