logo

(3) နေထိုင်သူများအနေနှင့် Mobile App မှတဆင့် အိမ်ရာဝန်းအတွင်းမှာ ရနိုင်တဲ့ Facility တွေကို Booking ပြုလုပ်နိုင်ခြင်း

Knowledge

7 min

ယနေ့ခေတ်မှာ အဆင်မြင့် အိမ်ရာစီမံကိန်းတွေက နေထိုင်သူတွေကို  အပြိုင်အဆိုင် ပိုကောင်းတဲ့ Facility တွေပေးပြီး ဆွဲဆောင်လာကြပါတယ်။ အဲ့လို အပြိုင်အဆိုင် ဆွဲဆောင်ကြရာမှာ  အိမ်ရာဝန်းအတွင်း ရနိုင်တဲ့ Facility နဲ့ပတ်သက်ပြီး Residential Self-Help System တွေကနေ စီမံနိုင်တာကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။


နေထိုင်သူတွေအနေနဲ့ အိမ်ရာမှာရရှိတဲ့ အဆောက်အဦးမှာရှိတဲ့  ကြက်တောင်ကွင်း၊ ဖူဆယ်ကွင်း၊ အစည်းအဝေးခန်းမနဲ့ ပါတီပွဲကျင်းပဖို့ ဧရိယာ စတဲ့ Facility တွေကို ဘယ်အချိန်တွေမှာ အသုံးပြုလို့ရနိုင်မယ်ဆိုတာကို Mobile App ကနေ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ 

နေထိုင်သူတွေအနေနဲ့  မိမိ အသုံးပြုချင်တဲ့ Facility တွေအတွက် Time Slot တွေအလိုက် ငှားရမ်းခနဲ့ ပတ်သက်တဲ့ Information တွေကိုတွေ့ရမယ့်အပြင် မိမိနဲ့ အဆင်ပြေမယ့် Time Slot တွေကို ရွေးချယ်ပြီး Online Booking တင်နိုင်မှာပါ။ 

ဒါ့အပြင် Booking အတွက် ငွေပေးချေမှုတွေကိုလည်း Online Payment အနေနဲ့ပါ ပေးချေနိုင်တဲ့အတွက် Reservation Counter မှာ ဖောင်ကို အချိန်ကုန်ခံပြီး ဖြည့်နေစရာ မလိုတော့သလို ငွေသားနဲ့ ပေးချေဖို့ Counter ကို လာစရာလည်းမလိုတော့ပါဘူး။ 

တင်ထားတဲ့ Facility Booking တွေကို Management Team က လက်ခံပြီး/မပြီးကိုလည်း Status များကိုပါ Mobile App ကနေ စစ်ဆေးနိုင်ပြီး တင်ထားပြီးသား Booking များကို Cancel လုပ်လိုပါကလည်း Cancel ပြုလုပ်ရတဲ့ အကြောင်းရင်းကို ဖြည့်သွင်းပြီး Cancel အလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

ဒါ့အပြင် Booking တင်ထားတဲ့ သတ်မှတ်ချိန်ရောက်ခါနီးပါကလည်း Mobile Appကနေ Reminder Notification တွေပါ ပေးပို့ပေးတဲ့အတွက် နေထိုင်သူတွေအနေနဲ့ မေ့လျော့တာမျိုး ဖြစ်မှာမဟုတ်တော့ပါဘူး။


Management Team အနေနဲ့ နေထိုင်သူတွေတင်ထားတဲ့  Facility Booking တွေကို Management Dashboard ကနေ စီမံနိုင်မှာဖြစ်ပါတယ်။ ရရှိနိုင်တဲ့  Facility တွေနဲ့ Facility တစ်ခုချင်းစီရဲ့ Charges နဲ့ပတ်သက်တာတွေကို ခန့်ခွဲနိုင်သလို  Facility Booking တစ်ခုချင်းစီကိုလည်း အတည်ပြုတာ ၊ ပယ်ဖျက်တာတွေကိုပါ Management Team က လုပ်ဆောင်နိုင်မှာပါ။ 

ဒါကြောင့် Management Team အနေနဲ့ နေထိုင်သူတွေရဲ့ Facility Booking တွေကို စာရွက်စာတမ်းတွေနဲ့ အပင်ပန်းခံမှတ်နေစရာ မလိုတော့သလို Payment ပိုင်းနဲ့ ပတ်သက်ပြီး စာရင်းကိုလည်း တိတိကျကျမှတ်သားထားနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ရရှိနိုင်တဲ့ Facility တွေနဲ့ပတ်သက်ပြီး ထိန်းသိမ်းပြုပြင်စရာတွေရှိတဲ့အခါမျိုး (ဉပမာ အစည်းအဝေးခန်းမကို ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေတဲ့အခါမျိုး) မှာ အစည်းအဝေးခန်းမကို နေထိုင်သူတွေ ငှားရမ်းဖို့ရာ  အချိန်အတိုင်းအတာတစ်ခုထိ စောင့်ဖို့လိုအပ်ကြောင်း Mobile App ကနေ အသိပေးအကြောင်းကြားနိုင်မှာ ဖြစ်ပါတယ်။


ဒါကတော့ Residential Self-Help System တစ်ခုမှာ ပါရှိသင့်တဲ့ Make Online Booking for Desired Facilities Feature နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေနဲ့  နေထိုင်သူနဲ့ လုပ်ငန်းပိုင်ရှင်တွေအနေနဲ့ ဘယ်လိုအကျိုးရနိုင်မယ်ဆိုတာကို ပြောပြပေးထားတာ ဖြစ်ပါတယ်။

Knowledge

7 min

အခုချိန်ကာလမှာ နေရာစုံ၊ အခြေအနေမျိုးစုံက ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို ဖြေရှင်းရင်း ကိုယ်ရော စိတ်ပါပင်ပန်းလာတဲ့အခါ ကိုယ့...

Knowledge

10 min

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ပတ်သက်ပြီး သိထားသင...

Knowledge

8 min

လုပ်ငန်းတစ်ခုကို Digitally Transform လုပ်နိုင်ဖို့သိသင့်တဲ့ အဆင့် (၆) ဆင့်ကိုဖော်ပြပေ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address