logo

(2) နေထိုင်သူများအနေနှင့် Mobile App မှတဆင့် Management Team ထံ အဆင်မပြေမှုများအတွက် အကြောင်းကြားနိုင်ခြင်း နှင့် ဖြေရှင်းပြီးစီးမှုအား သိရှိနိုင်ခြင်း

Knowledge

7 min

High-End Service Apartment တွေနဲ့ Condo တွေ အများအပြား ပေါ်ပေါက်လာတာနဲ့အမျှ Resident Management Team တွေအနေနဲ့လည်း ကိုယ့်အိမ်ရာဝန်းအတွင်းမှာ နေထိုင်တဲ့သူတွေ စိတ်ကျေနပ်မှု ရရှိစေဖို့ ဝန်ဆောင်မှုတွေကို အကောင်းဆုံးပေးလာကြပါတယ်။ နေထိုင်သူတွေအနေနဲ့ ကိုယ်နဲ့ကိုက်ညီမယ့် ပတ်ဝန်းကျင်၊ နေရာအခြေအနေတွေရှိတဲ့ အိမ်ရာတွေကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပေမယ့် အဆောက်အဦးအတွင်း အဆင်မပြေမှုတစုံတရာ  ကြုံရတဲ့အခါ Management Team ကို မြန်မြန်ဆန်ဆန်အသိပေး‌ အကြောင်းကြားတာမျိုး လုပ်နိုင်ဖို့လိုအပ်ပါတယ်။ 


ယခင်က အဆောက်အဦးအတွင်း အဆင်မပြေမှုကြုံတဲ့အခါ နေတဲ့သူတွေအနေနဲ့  သာယာရေးကော်မတီလို အဖွဲ့အစည်းဆီကို ဖုန်းဆက်အကြောင်းကြားရတာမျိုး၊ Management Team ဆီကို စာနဲ့ တင်ပြီး အကြောင်းကြားရတာမျိုး လုပ်ရပါတယ်။ အဲ့အခါမှာ အဆင်မပြေမှုတွေကို ဖြေရှင်းပြီး/မပြီးဆိုတာလည်း သေချာမသိရလို့ အခက်အခဲဖြစ်ကြရပါတယ်။ အခုနောက်ပိုင်း Residential Self-Help Platform တွေ ပေါ်ပေါက်လာတဲ့နောက်မှာတော့ နေထိုင်သူတွေအနေနဲ့ အဆောက်အဦးမှာ တစုံတရာအဆင်မပြေတာမျိုးရှိမယ်ဆိုရင် Residential Self-Help Application ကနေ Photo/Video လိုမျိုး သက်သေနဲ့အတူ Management Team ဆီကို Online ကနေ တိုက်ရိုက်အကြောင်းကြားလို့ရမှာဖြစ်ပါတယ်။ Management Team က အကြောင်းကြားစာတွေကို  ဖြေရှင်းပြီးသွားတဲ့အခါ  Application ကို Notification ပို့ပေးမှာဖြစ်လို့ နေထိုင်သူတွေအနေနဲ့ ကိုယ့်ရဲ့  အကြောင်းကြားစာတွေကို လုပ်ဆောင်ပြီး/မပြီး အလွယ်တကူသိနိုင်ပါတယ်။


Management Team အနေနဲ့ကလည်း နေထိုင်သူတွေရဲ့ အကြောင်းကြားစာတွေကို ဖြေရှင်းဖို့ သက်ဆိုင်ရာ ဝန်ထမ်းတွေကို Residential Self-Help Dashboard ကနေတဆင့် Assign ချပြီး စီမံနိုင်မှာဖြစ်ပါတယ်။ တာဝန်ပေးထားတဲ့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အလုပ်ပြီးမြောက်မှုတွေကိုလည်း Dashboard ကနေ ခြေရာခံထားနိုင်မှာဖြစ်ပြီး နေထိုင်သူတွေရဲ့ တိုင်ကြားချက်ကို ဖြေရှင်းပြီးတဲ့အခါ အကြောင်းကြားစာတစ်ခုချင်းစီရဲ့ ပြီးမြောက်မှုကို update လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် နေထိုင်သူတွေရဲ့ အကြောင်းကြားစာကို မေ့လျော့ပြီးမဖြေရှင်းမိတာမျိုး မရှိတော့သလို ဝန်ထမ်းတွေရဲ့ Status Update ကိုပါ တိုက်ရိုက်သိနိုင်တာကြောင့် ဝန်ထမ်းစီမံခန့်ခွဲမှုအတွက်လည်း အကျိုးရှိစေမှာပါ။


ဒါကတော့ Residential Self-Help System တစ်ခုမှာ ပါရှိသင့်တဲ့ Complaint Management Feature နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေနဲ့  နေထိုင်သူနဲ့ လုပ်ငန်းပိုင်ရှင်တွေအနေနဲ့ ဘယ်လိုအကျိုးရနိုင်မယ်ဆိုတာကို ပြောပြပေးထားတာ ဖြစ်ပါတယ်။

Knowledge

7 min

အခုချိန်ကာလမှာ နေရာစုံ၊ အခြေအနေမျိုးစုံက ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို ဖြေရှင်းရင်း ကိုယ်ရော စိတ်ပါပင်ပန်းလာတဲ့အခါ ကိုယ့...

Knowledge

10 min

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ပတ်သက်ပြီး သိထားသင...

Knowledge

8 min

လုပ်ငန်းတစ်ခုကို Digitally Transform လုပ်နိုင်ဖို့သိသင့်တဲ့ အဆင့် (၆) ဆင့်ကိုဖော်ပြပေ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address