logo

(1)အိမ်ရာဝန်းအတွင်း နေထိုင်သူများအတွက် Security Credentials များကို Mobile App ကနေတဆင့် Access ပြုလုပ်နိုင်စေခြင်း

Knowledge

7 min

လူနေမှုအဆင့်အတန်းတွေ မြင့်မားလာတာနဲ့အမျှ နေထိုင်ရာ အဆောက်အဦးပုံစံ၊ အိမ်ရာတွေဟာလည်း  တစနဲ့တစ တိုးတက်ပြောင်းလဲလာပါတယ်။ အဆင်မြင့် အိမ်ရာစီမံကိန်းတွေ အများအပြားပေါ်တာနဲ့အတူ အဲ့ဒီအိမ်ရာမှာနေထိုင်သူတွေကို ပိုကောင်းတဲ့ Facility တွေပေးနိုင်ဖို့အတွက် Residential Self-Help System တွေကို အသုံးပြုလာကြပါတယ်။

 

Residential Self-Help System တွေမှာ နေထိုင်သူတွေအနေနဲ့  Mobile Application ကနေတဆင့် နေထိုင်ကြောင်း Register ပြုလုပ်ပြီး ကိုယ်ပိုင် ID ကိုရရှိနိုင်မှာဖြစ်ပါတယ်။ နေထိုင်သူတွေအနေနဲ့ အိမ်ရာဝန်းအတွင်း အဝင်အထွက်ကို Mobile Application မှာပါရှိတဲ့ မိမိရဲ့ ကိုယ်ပိုင် ID ကို Scan ပြုလုပ်ပြီး မှတ်ထားနိုင်မှာဖြစ်ပါတယ်။  အဲ့ဒါကြောင့် နေထိုင်သူတွေအနေနဲ့ အိမ်ရာဝန်းအတွင်း ဝင်ရောက်ဖို့ လုံခြုံရေးဂိတ်မှာ လုံခြုံရေးတွေစစ်မေးတာကို တန်းစီစောင့်နေစရာမလိုသလို ပြင်ပကသူစိမ်းတွေ အိမ်ရာထဲကို  အလွယ်တကူဝင်တာမျိုးကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အခုလို ကိုဗစ်ရောဂါကြုံတွေ့နေရတဲ့ ကာလမျိုးမှာ နေထိုင်သူတွေအနေနဲ့ ကားထဲကနေပဲ Application ကနေတဆင့် ဂိတ်အဝင်အထွက်ကို ဝန်ထမ်းတွေနဲ့ ထိတွေ့မှုမရှိဘဲ လုပ်ဆောင်နိုင်တာကြောင့် ကျန်းမာရေးရှုထောင့်ကနေလည်း အများကြီးအထောက်အကူဖြစ်စေပါတယ်။

 

ဒါ့အပြင်  ဆွေမျိုးနဲ့သူငယ်ချင်းတွေကို ကိုယ့်အိမ်ရာကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ချင်တယ်ဆိုရင်လည်း လာလည်မယ့်သူရဲ့ အချက်အလက်တွေကိုဖြည့်သွင်းပြီး QR Code ရယူနိုင်ပါတယ်။ အဲ့ဒီ QR Code နဲ့အတူ ဆွေမျိုး အပေါင်းအသင်းတွေကို  E-invitation အနေနဲ့ ဖိတ်ကြားနိုင်မှာဖြစ်ပါတယ်။ အလည်လာတဲ့သူတွေအနေနဲ့ QR Code ကို Scan ဖတ်ကာ ကိုယ်တိုင်  Check-in ပြုလုပ်ပြီး အဆောက်အဦးအတ္ငင်း ဝင်နိုင်မှာဖြစ်ပါတယ်။ အလည်လာတဲ့သူ Check-in ပြုလုပ်လိုက်တဲ့အခါ Invite လုပ်ထားတဲ့ ပိုင်ရှင်ထဲကို Application ကနေတစ်ဆင့် Notification ပေးပို့ပြီး ဧည့်သည်ရောက်ရှိပြီဖြစ်ကြောင်း အကြောင်းကြားပေးမှာဖြစ်လို့ ဖိတ်ကြားထားခြင်းမရှိတဲ့ သူစိမ်းတွေ အဆောက်အဦးအတွင်းဝင်လို့ဖြစ်မယ့် ပြဿနာတွေကနေလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။

 

Resident Management Team အနေနဲ့လည်း အိမ်ရာဝန်းနေထိုင်သူတွေရဲ့ လုံခြုံရေးကို ပိုမိုဂရုစိုက်နိုင်မှာဖြစ်သလို ဂိတ်အဝင်အထွက်ကို မှတ်တမ်းတင်ဖို့ ဝန်ထမ်းသီးသန့် ခန့်စရာမလိုတော့တဲ့အတွက် ဝန်ထမ်းအသုံးစရိတ်ကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။  ဧည့်သည်တွေက ဧည့်မှတ်တမ်းမှာ လူကိုယ်တိုင်စာရင်းသွင်းစရာမလိုဘဲ Digital စနစ်နဲ့ ပြုလုပ်နိုင်တဲ့အတွက် Resident Management Team အနေနဲ့ ဧည့်သည်တွေဆီက First Impression ကောင်းကို ရရှိစေမှာပါ။


ဒါတွေကတော့ Residential Self-Help System တစ်ခုမှာ ပါရှိသင့်တဲ့ Resident Identification Feature နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေနဲ့  နေထိုင်သူနဲ့ လုပ်ငန်းပိုင်ရှင်တွေအနေနဲ့ ဘယ်လိုအကျိုးရနိုင်မယ်ဆိုတာကို ပြောပြပေးထားတာ ဖြစ်ပါတယ်။

Knowledge

7 min

အခုချိန်ကာလမှာ နေရာစုံ၊ အခြေအနေမျိုးစုံက ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို ဖြေရှင်းရင်း ကိုယ်ရော စိတ်ပါပင်ပန်းလာတဲ့အခါ ကိုယ့...

Knowledge

10 min

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ပတ်သက်ပြီး သိထားသင...

Knowledge

8 min

လုပ်ငန်းတစ်ခုကို Digitally Transform လုပ်နိုင်ဖို့သိသင့်တဲ့ အဆင့် (၆) ဆင့်ကိုဖော်ပြပေ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address