logo

Top 5 Mobile Ideas for 2022

Knowledge

8 min

နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက စပြီး Mobile Application အသုံးပြုမှုကလည်း အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းအသစ် စလုပ်တဲ့သူတွေပဲဖြစ်ဖြစ် ၊ အောင်မြင်ပြီးသားလုပ်ငန်းကိုပဲ  Software System အနေနဲ့ ထပ်တိုးလုပ်ကိုင်ချင်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ System  ကို Mobile Application အနေနဲ့ အသုံးပြုလို့ရအောင် ကြိုးပမ်းလာကြပါတယ်။

 

ခုတခေါက်မှာတော့ ၂၀၂၂ ခုနှစ်မှာ‌ ခေတ်စားလာနိုင်တဲ့ Mobile Application ideas တွေနဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

 

  1. VR Accommodation and Real Estate tours

ခရီးသွားတဲ့အခါ  တည်းခိုဖို့ရွေးချယ်လိုက်တဲ့နေရာတွေက Website တွေ Facebook page တွေမှာ ပြထားသလို အဆင်မပြေတာမျိုး ခရီးသွားတွေအနေနဲ့ အနည်းနဲ့အများကြုံဖူးကြပါလိမ့်မယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ Artificial Reality နဲ့ Virtual Reality ကိုသုံးထားတဲ့ Travel Apps တွေကို အသုံးပြုတာဖြစ်ပါတယ်။

 

ဒီလို Travel Apps တွေကတစ်ဆင့် ဟိုတယ်ပိုင်ရှင်တွေအနေနဲ့ ကိုယ့်ဆီလာရောက်တည်းခိုမယ့် ဧည့်သည်တွေကို ဆွဲဆောင်နိုင်သလို ခရီးသွားတွေအနေနဲ့ ကိုယ်တိုင်ခရီးသွားနေသလိုမျိုး မျက်မြင်တွေ့ရမှာ ဖြစ်တဲ့အတွက် နေရာထိုင်ခင်းအဆင်မပြေလို့စိတ်ညစ်ရတာမျိုးတွေ ရှိတော့မှာမဟုတ်ပါဘူး။

  1. Car Share App

  လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက ရှိခဲ့တဲ့ ကားအငှားဝန်ဆောင်မှုတွေဟာ ခရီးသွားလုပ်ငန်းတွေတိုးတက်လာတာနဲ့အမျှ ပိုပြီးတွင်တွင်ကျယ်ကျယ်အသုံးဝင်လာပါတယ်။ Car Share လုပ်ငန်းအများစုက ငှားရမ်းသူတွေ ကားတွေကို Pick-up ယူနိုင်ဖို့၊ သွားလိုရာသွားပြီးတဲ့အခါ Drop-offs လွယ်လွယ်ကူကူပြုလုပ်နိုင်ဖို့နဲ့ အခြားမြို့တွေထိပါ ချဲ့ထွင်ပြီး ကားတွေငှားရမ်းပေးနိုင်ဖို့  သူ့ထက်ငါအပြိုင်အဆိုင် ဝန်ဆောင်မှုတွေပေးလာကြပြီပဲဖြစ်ပါတယ်။

  1. Appointment platforms

ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ တနေ့တာအချိန်တွေကို စောင့်ဆိုင်းရတဲ့နေရာ‌တွေမှာ အသုံးပြုနေရတာမျိုးမဖြစ်စေဖို့ Appointment Platform တွေကတစ်ဆင့် စောင့်ဆိုင်းရတာမျိုးမရှိဘဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဉပမာ- ကားပြင်ဖို့၊ သွားဆေးခန်းပြဖို့၊ အိမ်သန့်ရှင်းရေးလုပ်ဖို့  စတဲ့ ကိုယ့်ရဲ့  Appointment တွေကို Mobile Application ဒါမှမဟုတ် Website ကနေတစ်ဆင့်  Schedule ပြုလုပ်နိုင်မယ်ဆိုရင် စောင့်ဆိုင်းရလို့အချိန်ကုန်တာမျိုးကနေ ကာကွယ်နိုင်ပြီး  အချိန်ကို အကျိုးရှိရှိ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။

 

  1. Crypto Wallets

Cryptocurrencies လုပ်ငန်းတွေဟာ ၂၀၁၁ လောက်ထဲက ဈေးကွက်ထဲမှာ ပေါ်ပေါက်လာခဲ့တာဆိုပေမယ့် လွန်ခဲ့တဲ့ ၂နှစ်လောက်မှာ ပိုပြီးဈေးကွက်က ကျယ်ပြန့်လာခဲ့ပါတယ်။ အခုအချိန်မှာ  အချို့သော cryptocurrencies တွေရဲ့  ဈေးကွက်အရင်းအနှီးဟာ ၁.၃ ထရီလီယံဒေါ်လာအထိ ရှိလာခဲ့ပါတယ်။

 

Binance  နဲ့  CoinBase လိုမျိုး Application တွေဟာဆိုရင် ကိုယ့်ရဲ့ crypto ကိုသိမ်းဆည်းနိုင်ပေမယ့် ၁၀၀%  တော့လုံခြုံမှုမပေးနိုင်သေးပါဘူး။ Atomic wallet and Metamask စတဲ့ Muti-Coin Wallets တွေက အချို့ Crypto tokens တွေကို လဲခွင့်ပေးပြီး သိမ်းဆည်းနိုင်ပေမယ့် 2021 ခုနှစ်မှာ $7bn hack ခံခဲ့ရတဲ့ ကိစ္စမျိုးရှိခဲ့ပါတယ်။

 

ဒါ့ကြောင့် အခု ၂၀၂၂  မှာဆိုရင် Cryptocurrencies Wallet တွေကို ပိုပြီး လုံခြုံရေးအဆင့်မြှင့်ထားတဲ့ ပုံစံနဲ့ တွေ့မြင်ရမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် Digital Signature တွေနဲ့ Transaction တွေပြုလုပ်နိုင်တဲ့ Blockchain Technology ကိုသုံးတဲ့ ကုမ္ပဏီတွေလည်း ပေါ်လာနိုင်ပါတယ်။

 

  1. Online Grocery Delivery

Online Grocery Delivery က ၂၀၀၀ ခုနှစ်အစောပိုင်းတည်းက ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ များသောအားဖြင့် ဒီ System တွေဟာ Website သို့မဟုတ် Mobile Application ကနေတစ်ဆင့်  ဝယ်လိုတဲ့ပစ္စည်းကို Shopping Cart ထဲထည့် Delivery Time Slot တွေရွေးချယ်ပြီး checkout ပြုလုပ်ပြီး payment ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

 

နောက်ပိုင်းမှာ Online Grocery Mobile Application တွေမှာ ဝယ်သူတွေရဲ့ အပြုအမူတွေအပေါ်မူတည်ပြီး AI နည်းပညာတွေနဲ့ ဝယ်သူတွေအတွက် ပိုမိုအဆင်ပြေလွယ်ကူအောင် ဦးစားပေးလုပ်ဆောင်လာကြတာကိုတွေ့ရမှာဖြစ်ပါတယ်။

 

ဒါတွေကတော့ 2022 ခုနှစ်မှာ ခေတ်စားလာမယ့်  Mobile Application အမျိုးအစားတွေပဲဖြစ်ပါတယ်။

Knowledge

7 min

အခုချိန်ကာလမှာ နေရာစုံ၊ အခြေအနေမျိုးစုံက ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို ဖြေရှင်းရင်း ကိုယ်ရော စိတ်ပါပင်ပန်းလာတဲ့အခါ ကိုယ့...

Knowledge

10 min

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ပတ်သက်ပြီး သိထားသင...

Knowledge

8 min

လုပ်ငန်းတစ်ခုကို Digitally Transform လုပ်နိုင်ဖို့သိသင့်တဲ့ အဆင့် (၆) ဆင့်ကိုဖော်ပြပေ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address