logo

သင့်တော်မှန်ကန်တဲ့ နေထိုင်မှုပုံစံတစ်ခု တည်ဆောက်ဖို အထောက်အကူပေးနိုင်မယ့် Lifestyle Coaching Chatbot တွေအကြောင်း

Knowledge

7 min

အခုချိန်ကာလမှာ နေရာစုံ၊ အခြေအနေမျိုးစုံက ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို ဖြေရှင်းရင်း ကိုယ်ရော စိတ်ပါပင်ပန်းလာတဲ့အခါ ကိုယ့်ကိုယ်ကို Healing လုပ်နိုင်မယ့် အလေ့အကျင့်ကောင်းတွေကို ကိုယ်တိုင်သိထားဖို့လိုအပ်လာပါတယ်။


ခုနောက်ပိုင်းမှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ကိုယ့်မှာဖြစ်နေတဲ့ ကျန်းမာရေးဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ခင်မင်ရတဲ့မိတ်ဆွေ၊ယုံကြည်ရတဲ့ အကြံဉာဏ်ပေးသူတွေကို ရင်ဖွင့်ပြောပြနေသမျိုး ပြောပြနိုင်တဲ့ Lifestyle Coaching Chatbot တွေကို အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။


Lifestyle Coaching Chatbot တွေမှာ ဆရာဝန်နဲ့ ဆွေးနွေးကုသရလောက်အောင်ထိ မပြင်းထန်ပေမယ့် နေ့စဉ်လူမှုဘဝကို အနှောင့်အယှက်ဖြစ်နေစေတဲ့ အမူအကျင့်တွေ၊ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကိုပါ ဆွေးနွေးပြီးကိုယ်တိုင် ပြုပြင်ပြောင်းလဲနိုင်မှာပဲဖြစ်ပါတယ်။ Lifestyle Coaching Chatbot တွေက အသုံးပြုသူတွေ ကြုံတွေ့နေရတဲ့အခြေအနေအပေါ် မေးခွန်းတွေမေးမြန်းသွားမှာဖြစ်ပြီး တနေ့တာနေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပြီး အလေ့အကျင့်ကောင်းတွေရရှိဖို့ အကြံဉာဏ်ပေးမှာဖြစ်ပါတယ်။


ဒီလို Chatbot တွေမှာဆိုရင် ကိုယ့်ရဲ့ Mental Health နဲ့ပတ်သက်ပြီး လက်ရှိခံစားနေရတဲ့ ခံစားချက်တွေကို ပြောပြလို့ရတဲ့ အတွက် ရင်းနှီးတဲ့သူငယ်ချင်းကို ရင်ဖွင့်ပြီး အကြံဉာဏ်တောင်းခံသလိုမျိုး ဖြစ်စေမှာပါ။ စိတ်ငြိမ်စေဖို့ Meditation Position တွေကို ပြောပြပေးနိုင်တဲ့အပြင် စိတ်ပင်ပန်းနေတဲ့အခါမျိုး ၊အာရုံစူးစိုက်လို့မရဖြစ်နေတဲ့အချိန်မျိုးတွေမှာ Chatbot ကနေ Recommend လုပ်ပေးတဲ့ နားထောင်သင့်တဲ့ Relaxing Songs လိုမျိုးတွေ၊ Meditation Music တွေကိုနားထောင်ပြီး စိတ်အပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။


ကိုယ်တိုင်က အထိုင်များလို့ဖြစ်စေ၊ တနေကုန်ထိုင်ပြီး ရုံးအလုပ်လုပ်ရသူတွေအနေနဲ့လည်း ကိုယ်လက်လှုပ်ရှားမှု လုပ်ချင်တဲ့အခါမျိုးမှာ Lifestyle Coaching Chatbot တွေကတစ်ဆင့် Recommend ပေးတဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေထဲကမှ ကိုယ်နဲ့ ကိုက်ညီမယ့် လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြီး လုပ်လို့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်အဆင်ပြေမယ့် အချိန်ကိုရွေးချယ်ပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့သတ်မှတ်နိုင်တာမျိုးလုပ်နိုင်တဲ့အတွက် အချိန်မရှိလို့ လေ့ကျင့်ခန်းမလုပ်ဖြစ်တာမျိုး မဖြစ်တော့ပါဘူး။


ဒါ့အပြင် overweight/ underweight ဖြစ်နေတဲ့အခါမျိုး၊ ကိုယ်တိုင်က အစားအလွန်အကျွံစားနေမိလို့ ဒါမှမဟုတ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို ပြောင်းချင်တဲ့ အခါမျိုးမှာ BMI တွက်ချက်ပေးတဲ့ Chatbot တွေကိုသုံးမယ်ဆိုရင် တနေ့တာ လိုအပ်တဲ့ ကယ်လိုရီနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒီလို Chatbot တွေမှာဆိုရင် ကိုယ်တိုင်မစားတဲ့ အစားအသောက်တွေကိုပါ ရွေးချယ်ပေးလို့ရနိုင်တဲ့အတွက် ကိုယ်နဲ့အကိုက်ညီဆုံး စားသောက်မှုပုံစံကို ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။


ကိုယ်သုံးနေတဲ့ Lifestyle Coaching Chatbot တွေက အကြံပေးတဲ့ Plan အတိုင်း ကိုယ့်ရဲ့တနေ့တာမှာ လုပ်ဆောင်ပြီးကြောင်းကို သတ်မှတ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ပြောင်းလဲတိုးတက်လာတဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာသိလာနိုင်မှာပါ။


Lifestyle Coaching Chatbot တွေမှာ ကိုယ့်ဘက်က ဖြည့်သွင်းပေးလိုက်တဲ့ အချက်အလက်အပေါ်မူတည်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်တယ်ဆိုရင် ဆွေးနွေးရမယ့် ဆရာဝန်တွေကိုပါ recommend လုပ်ပေးမှာ ဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ပြသရမယ့် ဆရာဝန်ကို အပင်ပန်းခံရှာနေရတာမျိုးကနေလည်း သက်သာစေမှာဖြစ်ပါတယ်။


Lifestyle Coaching Chatbot တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံ အလေ့အကျင့်တခုကို ပြောင်းလဲနေထိုင်ခြင်းဖြင့် ကြုံတွေ့နေရတဲ့ လူပင်ပန်း စိတ်ပင်ပန်းဖြစ်နေတာတွေကို ကောင်းမွန်အောင် ပြန်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလို Chatbot တွေကို အသုံးပြုတာက လူကိုယ်တိုင်ဆေးခန်းသွားပြရလို့ ဆရာဝန်ကို စောင့်ရတာမျိုး၊ စမ်းသပ်ဖို့အချိန်ကုန်တာမျိုး လျော့နည်းစေမှာဖြစ်ပါတယ်။ ဒါကတော့ Lifestyle Coaching အတွက် အထောက်အကူပြုပေးနေတဲ့ Companion Chatbot ကနေ တစ်ဆင့် လုပ်ဆောင်ပေးနိုင်တဲ့ အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်


Knowledge

7 min

အခုချိန်ကာလမှာ နေရာစုံ၊ အခြေအနေမျိုးစုံက ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို ဖြေရှင်းရင်း ကိုယ်ရော စိတ်ပါပင်ပန်းလာတဲ့အခါ ကိုယ့...

Knowledge

10 min

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ပတ်သက်ပြီး သိထားသင...

Knowledge

8 min

လုပ်ငန်းတစ်ခုကို Digitally Transform လုပ်နိုင်ဖို့သိသင့်တဲ့ အဆင့် (၆) ဆင့်ကိုဖော်ပြပေ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address