logo

ဆရာဝန်နှင့်လူနာ Teleconsultation ပြုလုပ်နိုင်သော Healtppy Medical Application အကြောင်း

Knowledge

2 min

ဒီတခေါက်မှာတော့ လူနာများကို Online Medical Service ပေးနေသော HEALTPPY Company Limited အတွက် ဆရာဝန်နှင့်လူနာ Teleconsultation ပြုလုပ်နိုင်သော Healtppy Medical Application အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။


Healtppy - ဟက်ပီးဟာ အွန်လိုင်းကနေတဆင့် လူနာများကို ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ Telemedicine Solution တစ်ခု ဖြစ်ပါတယ်။ Telemedicine ကို Telehealth or E-medicine လို့လည်း ခေါ်ကြပါတယ်။ ဆရာဝန်နှင့်လူနာ တိုက်ရိုက်ထိတွေ့စရာမလိုဘဲ Video Call နဲ့ Consultation ပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့်ပတ်သတ်တဲ့ ဝန်ဆောင်မှုပေးခြင်း စတဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။


Healtppy - ဟက်ပီးမှာဆိုရင် လူနာတွေအနေနဲ့ အထူးကုအမျိုးအစားတွေအလိုက် ဆရာဝန်တွေကို ရှာဖွေနိုင်သလို ကိုယ်ပြသလိုသော ဆရာဝန်၊ နေ့ရက်/အချိန်တို့ကို ရွေးချယ်ကာ အလွယ်တကူ Booking ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် အထွေထွေရောဂါကုဆရာဝန်များနှင့်လည်း Consultation Request ပြုလုပ်ကာ ချက်ချင်းပြသနိုင်မှာဖြစ်ပါတယ်။ 


Consultation ပြုလုပ်ဖို့ Booking ပြုလုပ်ထားသူတွေအနေနဲ့ Booking အချိန်မစမီ ၁၀ မိနစ်အလိုတွင် Reminder လက်ခံရရှိသလို Booking အချိန်တွင် ဆရာဝန်နှင့် Video Call ဖြင့် ဆေးခန်းပြသနိုင်မှာဖြစ်ပါတယ်။


Consultation Fee များကို အွန်လိုင်းမှပဲ ပေးချေနိုင်သလို ဆရာဝန်နှင့် Consultation ပြုလုပ်ထားတဲ့ Medical Record တွေ၊ ဆရာဝန်တွေ ညွှန်ကြားထားတဲ့ Prescription, Instruction တွေကိုပါ သိမ်းဆည်းပေးထားပြီး အချိန်မရွေး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လူနာတွေဟာ Mobile Application မှတဆင့် ကိုယ်သိလိုတဲ့ အကြောင်းအရာတွေကို Admin များနဲ့ message ပေးပို့ပြောဆိုနိုင်သလို Emergency Case များအတွက်လည်း တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။


ဆရာဝန်များအနေနဲ့ Booking တင်ထားသော လူနာအချက်အလက်၊ ရောဂါအကြောင်းအရာကို ကြိုတင်ကြည့်ရှုနိုင်သလို Consultation မစတင်မီ ၁၀ မိနစ်အလိုတွင်လည်း လူနာကြည့်ရှုရန် Reminder ရရှိမှာ ဖြစ်ပါတယ်။


လူနာကြည့်ရှုရမည့်အချိန်တွင် ဆရာဝန်နှင့်လူနာ Video Call ဖြင့် Consultation ပြုလုပ်နိုင်ပြီး Consultation ပြီးသွားတဲ့ အခါမှာ လူနာ အတွက် Prescription, Insturction များကိုပါ တခါတည်း ညွှန်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ရက်စာ၊ တစ်ပတ်စာ၊ တစ်လစာ Schedule အလိုက် Booking Information များ၊ Patient Information များလည်း အသေးစိတ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ 


Healtppy Platform မှာ လူနာကြည့်ရှူတဲ့ ဆရာဝန်တွေ အနေနဲ့ Consultation ပြုလုပ်ခဲ့ပြီးသား Session History များကို အသေးစိတ်ကြည့်ရှုနိုင်သလို Session အလိုက် ရရှိမည့် Payment Information များကိုပါ Doctor တွေအတွက် စီစဉ်ပေးထားတဲ့ Mobile Application ထဲမှာ လွယ်လွယ်ကူကူ တစ်စုတစ်စည်းထဲ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 


Healtppy -ဟက်ပီး၏ Telemedicine ကျန်းမာရေးဝန်ဆောင်မှု System ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။


MM Digital Solutions ကနေ ရရှိနိုင်တဲ့ Software Development Services တွေနဲ့ပတ်သက်ပြီး https://mm-digital-solutions.com/ မှာဝင်ရောက်လေ့လာနိုင်ပါတယ်။


#mmdigitalsolutions

Knowledge

7 min

အခုချိန်ကာလမှာ နေရာစုံ၊ အခြေအနေမျိုးစုံက ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို ဖြေရှင်းရင်း ကိုယ်ရော စိတ်ပါပင်ပန်းလာတဲ့အခါ ကိုယ့...

Knowledge

10 min

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ပတ်သက်ပြီး သိထားသင...

Knowledge

8 min

လုပ်ငန်းတစ်ခုကို Digitally Transform လုပ်နိုင်ဖို့သိသင့်တဲ့ အဆင့် (၆) ဆင့်ကိုဖော်ပြပေ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address