logo

Sales Force Automation System

Knowledge

10 min

အခုနောက်ပိုင်း Product Distribution, Re-Selling လုပ်တဲ့ Company တွေကြားမှာခေတ်စားလာပြီး တော်တော်လေးအသုံးဝင်တဲ့ System တစ်ခုဖြစ်တဲ့ Sales Force Automation (SFA) ဆိုတဲ့ System အကြောင်းကို ပြောပြပေးသွားချင်ပါတယ်။

 

ဒီ Content ကိုဖတ်ပြီးသွားရင်တော့

  • SFA System ဆိုတာဘာလဲ
  •  Implementation လုပ်မယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေရနိုင်မလဲ
  • ကိုယ်လုပ်ငန်းမှာ ဘယ်အပိုင်းတွေကို Automation လုပ်နိုင်မလဲ
  • ဘယ်လို လုပ်ငန်းတွေဆိုရင်တော့ SFA System နဲ့သင့်တော်နိုင်မယ်ဆိုတာတွေကို ပြည့်ပြည့်စုံစုံ နားလည်သွားမှာဖြစ်တဲ့အတွက် ကိုယ့်လုပ်ငန်းမှာကော ဒီလို System တွေ Setup လုပ်သင့်လားဆိုတာအထိပါ ရှင်းရှင်းလင်းလင်းသိသွားမှာဖြစ်ပါတယ်။

 

SFA System ကိုနားလည်အလွယ်ဆုံးပုံစံနဲ့ရှင်းပြရရင် Potential Customers တွေရဲ့ Initial Inquiry ကစလို့ Sales Closed မဖြစ်ခင်အထိ လုပ်ဆောင်ရတဲ့ Pipeline တစ်လျှောက်လုံးက Process တွေကို Information System တစ်ခုနဲ့ တွဲပြီး တတ်နိုင်သမျှ အလိုလျှောက် ပြုလုပ်နိုင်ဖို့ စီစဥ်တဲ့ System မျိုးလို့ ဆိုနိုင်ပါတယ်။

 

ဒီလို System မျိုးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Sales Representatives တွေ Manual လုပ်ရတဲ့ Task တွေ၊ Day-to-Day လုပ်နေရတဲ့ Repetitive Task တွေကိုလျော့ကျစေဖို့လည်းဖြစ်ပါတယ်။ ဒါ့အပြင် Sales မဖြစ်ခင် Pipeline တစ်လျှောက်လုံးမှာ လုပ်ရတဲ့ Contact Management တွေ၊ Opportunity Management နဲ့ Task Management အပိုင်းတွေအားလုံးကို Customer တစ်ယောက်ချင်းစီနဲ့ ကိုယ် Interact လုပ်ခဲ့တဲ့ History တွေ Data တွေကနေတဆင့်လည်း လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

 

ဒါဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းမှာ S‌ales Force Automation တွေကိုလုပ်ထားမယ်ဆိုရင် ဘယ်လိုနေရာတွေမှာ ပိုအဆင်ပြေသွားမလဲ၊ ပိုလွယ်ကူသွားမလဲဆိုတာတွေကို ဆက်လက်ပြောပြပေးသွားပါမယ်။

 

- ပထမဉီးဆုံးအနေနဲ့ Sales Representative တွေ Manual လုပ်ဆောင်နေရတဲ့ Day-to-Day Sales Task တွေကို Automation ပုံစံပြောင်းလိုက်တဲ့အတွက် ဒီ Task တွေအပေါ်မှာပေးရတဲ့ အချိန်တွေကိုလျော့ကျစေနိုင်ပါတယ်။ ဉပမာအနေနဲ့ ကိုယ့်ရဲ့ Prospects တွေကိုတွေ့တဲ့အခါမှာ Meaningful Conversation ဖြစ်အောင်ပြောဆိုဖို့အပိုင်းတွေဘက်မှာပိုပြီး အချိန်ပေး Focus ထားတာမျိုးတွေ လုပ်ဆောင်လာနိုင်ပါမယ်။ Sales Team တစ်ခုလုံးစာအနေနဲ့ဆိုရင်လည်း Optimal ဖြစ်အောင်စီစဉ်ထားတဲ့ Workflow အတိုင်းတတ်နိုင်သမျှ စနစ်တကျလုပ်ကိုင်သွားနိုင်ပါမယ်။

 

အမြင်သာဆုံးဉပမာကတော့ SFA System တွေမှာ Opportunity and Contact Management အပိုင်းတွေဖြစ်တဲ့ Customer တွေနဲ့ပါတ်သတ်တဲ့ Interactions တွေ၊ Sales Activities တွေအတွက် Complete History တွေပါဝင်ပါတယ်။ ဒါကြောင့် Sales Representative တွေအနေနဲ့ Opportunity တစ်ခုရလာတိုင်း

  • ဒီ Opportunity နဲ့ဆက်စပ်တဲ့ Customer Information တွေ၊ Contact Person Information တွေပြန်မှတ်နေရတာတွေ၊
  • ရှေ့မှာဒီ Customer နဲ့ပါတ်သတ်ပြီး Opportunity တွေ၊ Sales တွေရှိခဲ့ဖူးလား၊ ရှိခဲ့ရင် ဘယ် State ရောက်ထားပြီလဲစတဲ့ ထပ်ခါထပ်ခါလုပ်နေရတဲ့ Repetitive Task တွေကို တော်တော်လေး လျှော့ချနိုင်မှာဖြစ်ပါတယ်။

 

တခါတလေမှာ Potential Customer ကို In-time Contact လုပ်ဖို့အတွက် မေ့သွားမိတဲ့ Human Error မျိုးလေးတွေကြောင့် Opportunity တွေကိုလက်လွှတ်လိုက်ရတာမျိုးတွေရှိတတ်ကြပါတယ်။ SFA System တွေမှာဆိုရင်တော့ သက်ဆိုင်ရာ Opportunity တွေအတွက်

Reminder တွေ Setup လုပ်ထားလို့ရတာမျိုးတွေ၊

  • လုပ်ဆောင်ရမယ့် Task တွေအလိုက် Automatic Notification ပို့ပေးတာမျိုးတွေ၊
  • Potential Customer ဆီကို Visit လုပ်ဖို့၊ Calling လုပ်ဖို့အတွက် Reminder Notification ပို့ပေးတာမျိုးတွေစတဲ့ Task Management အပိုင်းတွေပါဝင်ပါတယ်။ ဒါကြောင့် Prospect Opportunity တွေကိုလက်လွှတ်ရတာမျိုးတွေကို တော်တော်လေးလျှော့ချလိုက်နိုင်မှာဖြစ်ပါတယ်။

 

- နောက်ထပ်မြင်သာတဲ့ အကျိုးကျေးဇူးကတော့ System မှာပါတဲ့ Insights တွေအရ Sales နဲ့ပါတ်သတ်တဲ့ Plan တွေနဲ့ Target တွေကိုကြိုတင်ပြီးတော့ မှန်းဆနိုင်မှာဖြစ်ပါတယ်။ ဉပမာအားဖြင့် System ကနေတဆင့် ကိုယ့် Customer ရဲ့ Purchase History တွေကိုသိနိုင်တဲ့အတွက်

  •  Future Sales တွေကို Predict လုပ်နိုင်တာမျိုး၊
  • Sales Team တွေ၊ Manager တွေအနေနဲ့လည်း Customer တွေအတွက် Relevant ဖြစ်တဲ့ Product နဲ့ Service တွေကို အချိန်ကိုက် Offer လုပ်နိုင်တာမျိုးတွေ လုပ်ဆောင်လာနိုင်ပါတယ်။

 

တချို့ SFA System တွေမှာတော့ Client Business ရဲ့လိုအပ်ချက်အရ Post Sales Process တွေဖြစ်တဲ့ Invoice နဲ့ Credit ပိုင်းတွေ၊ Account Receivable ပိုင်းတွေအပြင် Product, Service နဲ့ Marketing Materials Management ပိုင်းတွေကိုပါ ထည့်သွင်း Integrate လုပ်လေ့ရှိပါတယ်။

 

Local မှာအသုံးများတဲ့ Sales Force Automation System တွေမှာလည်း ပုံမှန် SFA System တွေမှာပါနေကျ Pre Sales Features တွေအပြင် Sales Process တွေ၊ Post Sales Process တွေကိုပါထည့်သွင်း Integrate လုပ်လေ့ရှိပါတယ်။ ဒီလို System တွေကို Web-based Dashboard အနေနဲ့သာမက Mobile Device တွေမှာပါအသုံးပြုလို့ရအောင် လုပ်ဆောင်လာကြတဲ့အတွက် Convenient ဖြစ်တဲ့ Portable Sales Office အဖြစ်ပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

-Pre Sales Features တွေမှာတော့

  • Potential Customer တွေရဲ့ Information တွေ၊
  • Opportunity နဲ့ဆိုင်တဲ့ Product, Service Attach လုပ်တဲ့အပိုင်းတွေ၊

Sales Tools တွေ Upload လုပ်တာတွေ၊

  • Site Visit အတွက်လိုအပ်တဲ့ Call Planning and Call Report အပိုင်းတွေအကုန်လုံးပါဝင်ပါတယ်။

 

-Call Planning အပိုင်းမှာဆိုရင် Sales Representative တွေအနေနဲ့ Customer Site Visit အတွက်ကြိုတင်ပြင်ဆင်ရမယ့်အပိုင်းတွေကိုပါ Manage လုပ်နိုင်ပါတယ်။ ကိုယ် Visit လုပ်မယ့် Customer နဲ့ပါတ်သတ်ပြီး

  • Visit လုပ်ရတဲ့အကြောင်းအရင်း Objective ကဘာလဲ
  • ဒီ Visit ကနေဘယ်လို Result မျိုးကိုမျှော်လင့်ထားလဲ
  • ကိုယ် Visit လုပ်မယ့် Customer နဲ့ပါတ်သတ်ပြီး ဘာတွေသိထားလဲ
  • ကိုယ်သတ်မှတ်ထားတဲ့ Objective ကိုရအောင် ဘယ်လို Strategy ကိုသုံးမှာလဲ
  • Customer ကကော ဘာတွေမေးနိုင်သလဲ စတဲ့ Visit မလုပ်ခင် ကြိုတင်ပြင်ဆင်ရတဲ့ အပိုင်းတွေအကုန်လုံးကို စနစ်တကျ Manage လုပ်နိုင်မှာဖြစ်ပါတယ်။

 

-Call Report အပိုင်းမှာဆိုရင်တော့

  • Visit ပြီးလာတဲ့အခါမှာ Customer နဲ့ကိုယ်ဘာတွေ Discuss လုပ်ခဲ့လဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေ Record လုပ်တာတွေ၊
  • Potential Customer ကနေ Invoiced Customer ဖြစ်ဖို့အတွက် ဘယ်လို Action တွေလုပ်ခဲ့လဲဆိုတာတွေနဲ့ပါတ်သတ်တဲ့ Visit Report တွေကိုမှတ်တဲ့အပိုင်းတွေအထိပါ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

 

  -Sales Process တွေဆိုတာကတော့

  • Opportunity တွေကနေတဆင့် Customer တွေဖြစ်လာတဲ့အခါမှာ Invoice ဖွင့်တဲ့အပိုင်းတွေ၊
  • Credit ယူတဲ့ Customer တွေအတွက် Credit Application Form ဖွင့်တဲ့အပိုင်းတွေ၊
  • Credit Management လုပ်တဲ့အပိုင်းတွေပဲဖြစ်ပါတယ်။

 

-Post Sales Process တွေမှာဆိုရင် ရှိထားတဲ့ Invoice နဲ့ Credit တွေအတွက် Cash Receive တွေ၊ Credit Voucher ဖွင့်တာတွေစတဲ့ Account Receivable နဲ့ပါတ်သတ်ပြီး Manage လုပ်တဲ့အပိုင်းတွေအထိပါဝင်လေ့ရှိကြပါတယ်။

 

ဒါတွေအပြင် Sales Process ကိုအထောက်အကူပြုတဲ့ Product, Service နဲ့ Marketing Materials Management အပိုင်းတွေ၊ Reminder and Notification Setup လုပ်တဲ့အပိုင်းတွေကိုပါ ထည့်သွင်း Integrate လုပ်လေ့ရှိပါတယ်။

 

-Sales Representative တွေအနေနဲ့လည်း System ကရတဲ့ Analytic Data တွေကနေတဆင့်

  • ဒီလထဲမှာ ကိုယ်က Potential Customer ထဲကဘယ်နှစ်ယောက်ဆီကို Visit လုပ်ပြီး Coverage ဘယ်လောက်ထိဖြစ်ခဲ့တာလဲ၊
  • Potential Customer တွေထဲက ဘယ်နှစ်ယောက်ကိုတော့ Invoiced Customer ဖြစ်အောင်ထိ Penetrate လုပ်နိုင်ခဲ့လဲ၊
  • Manager တွေသတ်မှတ်ပေးထားတဲ့ Monthly Sales Target ထဲကကိုယ်ကဘယ်လောက် Throughput အထိရောက်ခဲ့လဲ ဆိုတာမျိုးတွေကိုပါ အလွယ်တကူ သိနိုင်မှာဖြစ်ပါတယ်။
  • Sales Manager တွေအနေနဲ့လည်း ကိုယ့် Team ထဲက SR တစ်ယောက်ချင်းနဲ့ Team တစ်ခုလုံးစာရဲ့ Progress တွေ၊ Target တွေကိုပါ ခြုံငုံပြီးသုံးသပ်နိုင်မှာဖြစ်ပါတယ်။

 

SFA System တွေမှာ System ကိုစသုံးဖို့ Data Entry နဲ့ Integration လုပ်တာဟာ အချိန်ယူနိုင်ပေမယ့် နောက်ပိုင်း Up and running ဖြစ်လာတဲ့အခါမှာ Time-consuming ဖြစ်တဲ့ Repetitive Manual Tasks တွေ၊ Sales Process Related Cost တွေကို တော်တော်လေး လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Sales Performance အပိုင်းမှာကော၊ Revenue အပိုင်းမှာပါ သိသိသာသာ တိုးတက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။

 

ကိုယ့်လုပ်ငန်းရဲ့ Business Backbone က Sales and Product Distribution အပိုင်း၊ Re-Selling အပိုင်းလုပ်ငန်းမျိုးတွေဆိုရင် Pre-Sales Features တွေအတွက်ပဲဖြစ်ဖြစ်၊ Post-Sales Management အပိုင်းတွေအတွက်ပဲဖြစ်ဖြစ် SFA System ဟာတကယ်ကိုပဲ အသုံးဝင်တဲ့အတွက် Setup လုပ်ဖို့ကိုစဉ်းစားကြည့်သင့်ပါတယ်။

 

တကယ်လို့ System Implementation လုပ်တဲ့အပိုင်းနဲ့ပါတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့ MM-Digital Solutions မှာ Consultation Fee ကုန်ကျစရာမလိုဘဲ အခမဲ့ တိုင်ပင်ဆွေးနွေးနိင်တဲ့အတွက် Page ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်။

Knowledge

7 min

အခုချိန်ကာလမှာ နေရာစုံ၊ အခြေအနေမျိုးစုံက ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို ဖြေရှင်းရင်း ကိုယ်ရော စိတ်ပါပင်ပန်းလာတဲ့အခါ ကိုယ့...

Knowledge

10 min

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ပတ်သက်ပြီး သိထားသင...

Knowledge

8 min

လုပ်ငန်းတစ်ခုကို Digitally Transform လုပ်နိုင်ဖို့သိသင့်တဲ့ အဆင့် (၆) ဆင့်ကိုဖော်ပြပေ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address