logo

လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်တွေ

Knowledge

10 min

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်အလက်တွေကို ဝေမျှပေးလိုက်ပါတယ်။ 

 

(၁) Executive Summary

ကိုယ့်လုပ်ငန်းရဲ့ “ဘယ်ပြဿနာကို အဓိကဖြေရှင်းမှာလဲ” ဆိုတဲ့ Mission အပိုင်း၊ “ဒီပြဿနာပြေလည်သွားပြီးနောက်ပိုင်း ဒီပြဿနာနဲ့ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်က ဘယ်လိုမျိုး အဆင့်မြှင့်တင်ပြောင်းလဲလာမယ်” ဆိုတဲ့ Vision အပိုင်းနဲ့  “ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဒီလုပ်ငန်းကို စတင်တယ်” ဆိုတဲ့ Purpose အပိုင်းတွေကို အနည်းဆုံး စာရွက်တစ်မျက်နှာစာလောက် သတ်သတ်မှတ်မှတ် ချရေးထားဖို့ လိုပါတယ်။

 

(၂) Target Market

ကိုယ့် Product/Service တွေက ဘယ်လိုလူမျိုးတွေအတွက် ရည်ရွယ်တယ်ဆိုတာကို တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားဖို့လိုပါတယ်။ ကိုယ်ရည်ရွယ်တဲ့ Market Segment ရဲ့  Demographics တွေနဲ့ ကိုယ့် Product/Service အတွက်လိုအပ်မယ့် Budget တွေကို ပိုမိုနားလည်အောင် စနစ်တကျ Survey ကောက်ယူဖို့လည်း လိုအပ်ပါတယ်။

 

(၃) Competitors

ကိုယ့်ရဲ့ ဈေးကွက်ထဲက စီးပွားရေးပြိုင်ဘက်တွေရဲ့ အားသာချက်၊အားနည်းချက်တွေကိုလည်း အမြဲလေ့လာနေပါ။ ပြိုင်ဘက်တွေကြားမှာ ကိုယ်က ဘယ်အပိုင်းမှာ ထိထိမိမိအားသာနေလည်း ဆိုတာကိုလည်း သတ်မှတ်ထားဖို့လိုအပ်ပါမယ်။

 

(၄) Human Resources

လုပ်ငန်းလည်ပတ်ဖို့ လိုအပ်မယ့် ဝန်ထမ်းပမာဏနဲ့ (ရှိထားပြီးသား) ဝန်ထမ်းပမာဏ လုံလောက်မှုရှိ/မရှိကိုလည်း ဆန်းစစ်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေဆီက လိုအပ်မယ့်အရည်အချင်းတွေကိုလည်း List တစ်ခုပြုလုပ်ထားဖို့လိုအပ်ပါတယ်။

 

(၅) Vendors/ Supplies

ကိုယ့်လုပ်ငန်းလည်ပတ်ဖို့အတွက် ပြင်ပက Project တွေဝင်လာဖို့ လို/မလို ဆိုတာကိုလည်း သတ်မှတ်ထားဖို့ လိုအပ်ပါမယ်။ ကိုယ့်လုပ်ငန်းမှာ ပုံမှန်အသုံးပြုနေမယ့် Supplies တွေ ဘယ်နေရာက ရနိုင်မယ်ဆိုတာနဲ့ ဘယ်လောက်ရေရှည်အတွက် စိတ်ချယုံကြည်ထားနိုင်မယ်ဆိုတာကိုလည်း စီစစ်ဖို့လိုအပ်ပါတယ်။

 

(၆) Marketing Plan 

ကိုယ့် Product/Services တွေအတွက် အသင့်တော်ဆုံးဖြစ်မယ့် Client/Customer တွေဆီကို ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကြားရမြင်ရသိရနိုင်အောင် ဘယ်လိုစီစဉ်ဆောင်ရွက်မယ်ဆိုတာကိုလည်း စဉ်းစားဖို့လိုပါမယ်။ ကိုယ့် Product/ Services အတွက် အဓိက Message က ဘာဖြစ်မယ်ဆိုတာကိုလည်း သတ်မှတ်ဖို့လိုပါလိမ့်မယ်။

 

(၇) Operations

လုပ်ငန်းကို ဘယ်လို run မယ်ဆိုတာ တိတိကျကျသတ်မှတ်ထားဖို့လိုသလို ပိုမိုပြီး Efficient ဖြစ်လာအောင်လည်း စဉ်ဆက်မပြတ် ဆင်ခြင်နေဖို့ လိုအပ်ပါလိမ့်မယ်။

 

(၈) Financial Projections

ကိုယ့်လုပ်ငန်းကို စတင်လည်ပတ်ဖို့ အရင်းအနှီး ဘယ်လောက်လိုအပ်မလဲဆိုတာကအစ ဘယ်တော့အရင်းကျေပြီး ဘယ်တော့အမြတ်ထွက်မယ်ဆိုတာအဆုံး သေသေချာချာစီစစ် သတ်မှတ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

Knowledge

7 min

အခုချိန်ကာလမှာ နေရာစုံ၊ အခြေအနေမျိုးစုံက ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို ဖြေရှင်းရင်း ကိုယ်ရော စိတ်ပါပင်ပန်းလာတဲ့အခါ ကိုယ့...

Knowledge

10 min

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ Business Plan နဲ့ပတ်သက်ပြီး သိထားသင...

Knowledge

8 min

လုပ်ငန်းတစ်ခုကို Digitally Transform လုပ်နိုင်ဖို့သိသင့်တဲ့ အဆင့် (၆) ဆင့်ကိုဖော်ပြပေ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address