6 Stages of Digital Transformation
                                
                                    Knowledge | 8 MIN READ
                                
                                    လုပ်ငန်းတစ်ခုကို Digitally Transform လုပ်နိုင်ဖို့သိသင့်တဲ့ အဆင့် (၆) ဆင့်ကိုဖော်ပြပေးလိုက်ပါတယ်။
(၁) Business as Usual
လုပ်ငန်းတစ်ခုကို  Digitally Transform မလုပ်ခင်မှာရော၊ လုပ်နေစဉ်မှာပါ လည်ပတ်နေမယ့် အဖွဲ့အစည်းတစ်ခုရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေ ဖြစ်ပါတယ်။
 
(၂) Present and Active
လုပ်ငန်းတစ်ခု Digital ပိုင်းကို ကူးပြောင်းတဲ့နေရာမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းရဲ့ စိတ်ပါဝင်စားမှု ဘယ်လောက်ရှိလဲဆိုတာနဲ့ အဲ့ဒီ စိတ်အားထက်သန်မှုဖြစ်လာစေတဲ့ အဓိက အကြောင်းအရင်းတွေ၊ အမျိုးမျိုးသော စမ်းသပ်လုပ်ဆောင်ကြည့်တာတွေ ပါဝင်ပါတယ်။
 
(၃) Formalized
အကယ်၍ Digital ပိုင်းကိုသွားနေစဉ်မှာ ကိုယ့်လုပ်ငန်းအဖွဲ့အစည်းနဲ့ ဆက်စပ်မှုမရှိဘူးဆိုရင် အတင်းအကြပ် ဖိအားပေးပြီးလုပ်ဆောင်တာမျိုး မဖြစ်သင့်ပါဘူး။
 
(၄) Strategic
အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းတွေက လုပ်ငန်းတစ်ခုကို Digital Transformation အဖြစ်ကူးပြောင်းရာမှာ မဟာဗျူဟာကျကျ ချမှတ်ရမယ့် ရေတိုရည်မှန်းချက်အသစ်တွေနဲ့ ပတ်သက်ပြီး အထောက်အကူဖြစ်စေပါတယ်။
 
(၅)Converged
လုပ်ငန်းတစ်ခု Digital ပိုင်းကို ပြောင်းလဲနိုင်ဖို့အတွက် သေချာရည်မှန်းထားတဲ့ အဖွဲ့တစ်ခုဖြစ်လာပြီး အဲ့ဒီအဖွဲ့ဟာ ချမှတ်ထားပြီးသားဖြစ်တဲ့ နည်းလမ်းဗျူဟာတွေအတိုင်း ဆောင်ရွက်ပါတယ်။
 
(၆) Innovative & Adaptive
Digitally Transform လုပ်ဆောင်ပြီးတဲ့အခါ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆက်လက်လုပ်ဆောင်ရမှာပါ၊ Digitally Transform မလုပ်ခင်က လည်ပတ်နေတဲ့ လုပ်ငန်းရဲ့ လုပ်ရိုးလုပ်စဉ်ပုံစံမျိုး ပြန်ရောက်သွားလို့ မရပါဘူး။